Life is made of small jumps over great obstacles. it's in the courage of getting through them that makes life challenging & exciting..
Hw Hw........ လီဆူဘလော့ကာမှ ညီအကိုမောင်နှမများအားလုံး ကိုလှိုက်လှဲစွာကြိုဆိုပါ၏...

Monday, October 8, 2012

မြန်မာ့ တပ်မတော်မီဒီယာများ၏ အစွမ်းအစများ

ဖေ့ဘုတ်၊ အင်တာနက် ပေါ်မှာ မြန်မာ၊ တိုင်းရင်းသားသတင်းများ၊ ဓါတ်ပုံများကို  တွေ့သမျှ မယုံကြပါနဲ့... မြန်မာ တပ်မတော်မှ အိုင်တီသမားတွေက လူတွေကို အယုံအကြည်မှားစေရန် အထူးကြိုးစားလုပ်ကိုင်နေကြပါတယ်။ အထူးသဖြင့် လူမျိုးအချင်းချင်းကြား အယုံအကြည့်လွဲမှားစေရန် ဖန်တီးခြင်းဖြင့် တော်လှန်ရေး အင်အားများကို ဖြိုခွဲရန်ဖြစ်သည်။
 www.myawady.net.mm/   ကတော့ တပ်မတော်၏ အထူးကဏ္ဍများကို တင်ဆက်ပေးပြီး တပြိုင်နက် တပ်မတော်ရဲ့ ပြစ်မှားသော အပစ်အခတ်များကို အတတ်နိုင်ဆုံး ဖုံးဖိနိုင်ရန် မီဒီယာများကို တန်ပြန် ထိုးစစ်ဆင်ဖို့ ဖွဲ့စည်းထားပါတယ်။။ www.myanmarexpress.net   ဒီဆိုဒ်ကတော့ နိုင်ငံရေး အတိုက်အခံများကို အများဆုံးတိုက်ခိုက်ပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ကို ပိုပြီးတော့ တိုက်ခိုက်သည့်ဟန် ရှိသည်။ http://www.kachindailynews.blogspot.com/   ဒါကတော့ ကချင်တော်လှန်ရေးအဖွဲ့ကို အဓိကထား တိုက်ခိုက်သည့် ဆိုဒ်ဖြစ်ပါတယ်။ ဒီနာမည်ကို ဖေ့ဘုတ်ပေါ်မှာလည်း တွေ့နိုင်ပါတယ်။ ဒီနာမည်နဲ့ တင်လာသမျှ ဓါတ်ပုံ၊ သတင်းတွေကို Like, Share မလုပ်မိစေဖို့ သထိထားစေချင်ပါတယ်။ http://shannnews.blogspot.com/   ဒါကတော့ ရှမ်းတော်လှန်ရေးအဖွဲ့ကို အဓိကထား တိုက်ခိုက်နေတဲ့ ဘလောဒ့်ပါ။ http://oppositeyes.blogspot.com/ 
ဒါကတော့ ရုရှားနိုင်ငံမှာ စစ်သင်တန်းတက်နေတဲ့ တပ်မတော်သားတွေ လုပ်ထားတဲ့ ဆိုဒ်ဖြစ်သည်။ တပ်မတော်မှ မည်သို့ မည်ပုံ လုပ်ကိုင်နေတဲ့ အကြောင်းတွေ၊ တပ်မတော်နှင့် တိုက်ခိုက်နေတဲ့ လက်နက်ကိုင် တိုင်းရင်းသားများကို ၀ါဒဖြန့် တိုက်ခိုက်သည့်သတင်းများ၊ တပ်မတော်မှ လူသတ်မှုမှန်သမျှများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကျူးလွန်သည့် အသွင်ပြောင်း သတင်းပေးသော ဆိုဒ် ဖြစ်သည်။


No comments:

Post a Comment

Comment Here,..TQ

Calendar

ပြက္ခဒိန်