Life is made of small jumps over great obstacles. it's in the courage of getting through them that makes life challenging & exciting..
Hw Hw........ လီဆူဘလော့ကာမှ ညီအကိုမောင်နှမများအားလုံး ကိုလှိုက်လှဲစွာကြိုဆိုပါ၏...

Thursday, August 9, 2012

Android OS ဖုန်းတွေအတွက် ဇော်ဂျီမြန်မာ ကီးဘုတ်


Android OS ဖုန်းတွေအတွက် ဇော်ဂျီမြန်မာ ကီးဘုတ် နဲ့သွင်းပုံသွင်းနည်း (၂)


           ဒီ Post က သူငယ်ချင်း တစ်ယောက်က မေးလို့  ရှာတင် ပေးလိုက် ပါတယ် ။
                         (Myanmar    mobile site က ပါ)

Share
အခုနောက်ပိုင်း Android OS သုံးဖုန်းတွေကအရမ်းခေတ်စားလာတယ်။ တရုတ်နိုင်ငံထုတ် Huawei နဲ့ ZTE တို့လို CDMA ဖုန်းတွေမှာတောင်မှ Android OS ကိုအသုံးပြုထားတာတွေ့ရပါတယ်။ အခုကျွန်တော်ပေးမှာက MyanDroid Soft Keyboard လေးပါ၊ Zawgyi Font သုံးထားပါတယ်။  ဖုန်းဆိုင်တွေမှာ သွားသွင်းရင် အနည်းဆုံး ခုနှစ်ထောင်လောက်ပေးရပါတယ်။ ဒီတော့ ကိုယ့်ဘာသာကိုသွင်းတာက အကောင်းဆုံးပါပဲ။သွင်းပုံသွင်းနည်းကို အောက်မှာဖတ်ပါ။
ပထမဆုံး ဇော်ဂျီကီးဘုတ်နဲ့ ဇော်ဂျီ font ကို အရင် ဒေါင်းလိုက်ပါ။
ဇော်ဂျီ keyboard အားရယူရန်
ဇော်ဂျီ font အားရယူရန်
download လုပ်ပြီးပြီဆိုရင် နှစ်ခုလုံးကို ဖုန်းထဲကို install လုပ်လိုက်ပါ။
Install လုပ်ပြီးရင်ဖုန်း Setting ထဲကိုသွားပါ။
Language & keyboard ကိုဝင်ပါ။

MyanDroid Soft Keyboard ကိုအမှန်ခြစ်ပေးလိုက်ပါ။

Attention Box ပေါ်လာရင် ok နှိပ်။
ပြီးရင် All programs ထဲသွားပြီ zawgyipad program ကို ဖွင့်ပါ။


အဲဒီမှာ Textbox တစ်ခုတွေ့ရပါလိမ့်မယ်။ အဲဒီ Textbox ထဲမှာ သုံးစက္ကန့်ခန့်ဖိထားပါ။
Input Method ကိုရွေးပါ။

Select input method Box ထဲမှာ MyanDroid Soft Keyboard ကိုရွေးလိုက်ပါ။


ဒါဆိုရင် ဇော်ဂျီ keyboard ကိုတွေ့ရမှာဖြစ်ပါတယ်။




အဲဒီမှာတင်မပြီးသေးပါဘူး ။ အခုသွင်းပြီးသလောက်က မြန်မာ keyboard သွင်းထားတဲ့အဆင့်ပဲရှိပါသေးတယ်။ မြန်မာဖောင့်ကို ဖုန်းရဲ့ function တွေ (ဥပမာ- message , contacts) မှာ ရေးနိုင် ဖတ်နိုင်အောင် မြန်မာ ဖောင့်ထည့်ရဦးမှာပါ။ အောက်မှာဆက်ဖတ်ပါ။
ဖုန်းရဲ့စနစ်တစ်ခုလုံးကို မြန်မာလိုရေးနိုင်ဖတ်နိုင်ဖို့အတွက် ဖုန်းကို root လုပ်ထားရပါမယ်။
အခုဆက်လုပ်ရမှာက အောက်မှာပေးထားတဲ့ file ကို download လုပ်ပြီး ဖုန်း SDcard ထဲကိုထည့်လိုက်ပါ။
Click here to download
zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ။
DroidSansFallback.ttf ကတော့ zawgyi font ကို rename လုပ်ထားတာပါ ။
Root Explorer ကို သွင်းလိုက်ပါ ။ Root explorer ကနေ ခုနက download လုပ်ပြီး zipဖြည်ထားတဲ့ folder ထဲသွားပါ။ ရောက်ရင်တော့ DroidSansFallback.ttf ကို long press (သုံးစက္ကန့်ခန့်)ဖိပြီး copy လုပ်ပါ ။ အောက်ကပုံအတိုင်းပါ။


ပြီးရင် /system/fonts ထဲသွားပါ ။ fonts ဖိုင်ထဲရောက်ပြီဆိုရင် အောက်ကပုံအတိုင်း အစိမ်းရောင်ပြထားတဲ့ခလုတ်လေးကိုနှိပ်ပါ။

ခုနက နှိပ်လိုက်တဲ့ ခလုတ်လေးနေရာမှာ Mount R/O ဆိုပြီးပြောင်းသွားပါလိမ့်မယ်။

ပြီးရင် အဲဒီ font folder ထဲက DroidSansFallback.ttf ကို permission ပြောင်းပေးရပါမယ်
အဲအတွက် DroidSansFallback.ttf ကို ကြာကြာဖိထားပါ ။အောက်ကပုံအတိုင်းပေါ်လာပါမယ်။

အောက်ပုံအတိုင်း permission ကိုပေးလိုက်ပါ။
/>
ပြီးရင်တော့ OK နှိပ်ပါ။ ပြီးရင် အောက်ပုံထဲကအတိုင်း paste ကိုနှိပ်လို့ ရပါပြီ ။
နှိပ်လိုက်ရင် အဲဒီ font ကရှိပြီးသားလို့ warning ပေးပါလိမ့်မယ် ။ အဲဒီလိုပေးလာရင် overwirte သာလုပ်လိုက်ပါ ။
အခုဆိုရင် မြန်မာ ဖောင့် မြင်ရပြီဖြစ်ပါတယ်။ မြန်မာလို ရိုက်ချင်ရင်တော့ Message ထဲဝင်ပြီး မြန်မာလိုစမ်းသပ်ရိုက်ကြည့်နိုင်ပါတယ်။
Message ကိုဖွင့်ပါ ။ New Message ထဲကိုဝင်ပါ။စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ MyanDroid Soft Keyborad ကို ရွေးလိုက်ပါ။ ပြီးရင် ရိုက်လို့ရပါပြီ။ အားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်လုပ်တာတော့ အဆင်ပြေပါတယ်။ အားလုံးပဲစမ်းကြည့်လိုက်ကြပါဦး။


@@@@@@@@@*********************@@@@@@@@@@@@@@@@@@@


No comments:

Post a Comment

Comment Here,..TQ

Calendar

ပြက္ခဒိန်